ပုဒ္မ ၅၉(စ) ပယ္ဖ်က္ရန္ အာဏာရပါတီ NLD က အဆိုျပဳျပီ

ဓာတ္ပံု - အတိုင္ပင္ခံရံုး

ေဒၚေအာင္ဆန္းစုၾကည္သမၼတျဖစ္ရန္ ကန္႔သတ္ထားသည္ဟု လူအမ်ားက ယံုၾကည္ထားသည့္ ဖြဲ႔စည္းပံုအေျခခံဥပေဒပုဒ္မ ၅၉(စ)ကို ပ်ယ္ဖ်က္ရန္ မတ္လ ၁၄ ရက္ ယေန႔ ျပဳလုပ္သည့္ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီ အစည္းအေဝးတြင္ အာဏာရ NLD ပါတီက အဆိုျပဳတင္ျပထားသည္ဟု သိရသည္။

ေနျပည္ေတာ္ရွိ ျပည္ေထာင္စုလႊတ္ေတာ္ D ေဆာင္၊ ဒုတိယထပ္အစည္းအေဝးခန္းမတြင္ မတ္လ ၁၄ရက္၊ မြန္းလြဲပိုင္းက ၃နာရီနီးပါးၾကာ ျပဳလုပ္သည့္ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီ အစည္း အေဝး (၆/၂၀၁၉)တြင္ ပုဒ္မ ၅၉(စ)အား ပယ္ဖ်က္ရန္ NLD က အဆိုျပဳလိုက္ျခင္းျဖစ္သည္ဟု ပူးေပါင္း ေကာ္မတီဝင္ တစ္ဦးက အစည္းအေဝးအၿပီးတြင္ အတည္ျပဳသည္။ “ပုဒ္မ၅၉(စ)ကို ဖ်က္ထားတယ္။ NLD ပါတီက” ဟု အမည္မေဖာ္လိုသည့္ အဆိုပါ ပူးေပါင္းေကာ္မတီ အဖြဲ႕ဝင္ က ေျပာၾကားသည္။

ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ အေျခခံဥပေဒျပင္ဆင္ေရး လူထုေထာက္ခံပြဲအား ေတြ႕ျမင္ရစဥ္။ ဓာတ္ပုံ- EPA

ယေန႔က်င္းပသည့္ ပူးေပါင္းေကာ္မတီအစည္းအေဝးတြင္ ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ား၏ အခန္း က႑ႏွင့္ပတ္သက္ေသာ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ အခန္း(၃)ကို ေဆြးေႏြးၿပီးျဖစ္ကာ NLD အေနျဖင့္ ပုဒ္မခြဲ ၃ခုကို ျပင္ဆင္ခ်က္ တင္ထားသည္ဟု အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေအာင္ၾကည္ၫႊန႔္က ဆိုသည္။ ပုဒ္မ ၅၉(စ)ႏွင့္ပတ္သက္၍ NLD၏ သေဘာထားကို မဇၩိမအပါအဝင္ သတင္းေထာက္အခ်ိဳ႕က ေမးျမန္းရာတြင္ “၅၉(စ)ကေတာ့ ပါသင့္၊ မပါသင့္နဲ႔ ပါႏိုင္၊ မပါႏိုင္ မင္းတို႔ စဥ္းစားၾကည့္လို႔ ရပါတယ္” ဟု ဦးေအာင္ၾကည္ၫႊန႔္က ေျပာၾကားသည္။

သမၼတ၊ ဒုသမၼတ ျဖစ္ခြင့္ရွိသူ၏ အရည္အခ်င္းကန႔္သတ္ခ်က္မ်ားႏွင့္ ပတ္သက္၍ ၂၀၀၈ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ အခန္း(၃)၊ ပုဒ္မ(၅၉)(စ)တြင္ “မိမိကိုယ္တိုင္ေသာ္လည္းေကာင္း၊ မိမိ၏ မိဘတစ္ပါးပါးေသာ္ လည္း ေကာင္း၊ ဇနီး သို႔မဟုတ္ ခင္ပြန္း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင္ပြန္းသည္ တိုင္းတစ္ပါး၏ ႏိုင္ငံသား ျဖစ္သူမ်ား မျဖစ္ေစရ”ဟု ပါရွိသည္။

အဆိုပါ ပုဒ္မ ၅၉(စ)အပါအဝင္ အခရာက်သည့္ ပုဒ္မအခ်ိဳ႕ကို ျပင္ဆင္လိုလ်င္ ျပည္ေထာင္စုလႊတ္ေတာ္ အမတ္အားလုံး၏ ၇၅ရာခိုင္ႏႈန္းေက်ာ္က ျပင္ဆင္ရန္ သေဘာတူလက္ခံၿပီးေနာက္ ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲက်င္းပ၍ ဆႏၵမဲေပးပိုင္ခြင့္ရွိသူအားလုံး၏ ထက္ဝက္ေက်ာ္ဆႏၵမဲျဖင့္သာ ျပင္ဆင္ရမည္ဟုလည္း အေျခခံဥပေဒတြင္ ျပ႒ာန္းထားသည္။

ရခိုင္အမ်ိဳးသားပါတီအေနျဖင့္ အဆိုပါ ပုဒ္မ ၅၉(စ)ႏွင့္ပတ္သက္ၿပီး ျပင္ဆင္ခ်က္ တင္သြင္းခဲ့ျခင္းမရွိဘဲ လႊတ္ေတာ္ႏွင့္ သမၼတအေရအတြက္ကိုသာ ျပင္ဆင္ခ်က္ တင္သြင္းထားေၾကာင္း ပူးေပါင္းေကာ္မတီဝင္ျဖစ္သူ ေပါက္ေတာၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးေအာင္ေက်ာ္ဇံက ေျပာသည္။

လႊတ္ေတာ္သုံးရပ္မွာ ျပည္ေထာင္စုကို ျဖဳတ္လိုက္တယ္။ သမၼတသုံးေယာက္မွာ ဒုသမၼတတစ္ေယာက္ကို ျဖဳတ္လိုက္တယ္။ အဲ့ေတာ့ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ကတင္တဲ့ ႏွစ္ေယာက္ထဲက တစ္ေယာက္ကို ေ႐ြး။ သမၼတတစ္ေယာက္၊ ဒုသမၼတတစ္ေယာက္က်န္မယ္။ ဒီသေဘာပဲ” ဟု ၎က ဆိုသည္။

လႊတ္ေတာ္အမတ္ ၄၅ဦးျဖင့္ ဖြဲ႕စည္းထားေသာ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီက လက္ရွိအခ်ိန္ထိ အခန္း ၁၊ ၂၊ ၃ ေဆြးေႏြးၿပီးျဖစ္ေသာ္လည္း တပ္မေတာ္အစုအဖြဲ႕ႏွင့္ အတိုက္အခံ ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္မ်ားက ျပင္ဆင္ခ်က္ တစ္စုံတစ္ရာ တင္ျပထားျခင္းမရွိေသးေၾကာင္းလည္း ဦးေအာင္ေက်ာ္ဇံက ေျပာၾကားသည္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအေနျဖင့္ ပူးေပါင္းေကာ္မတီသည္ ဥပေဒႏွင့္မညီေသာေၾကာင့္ ေကာ္မတီတြင္ တစ္စုံတရာ ဝင္ေရာက္ေဆြးေႏြးမည္မဟုတ္ဟု ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးေသာင္းေအးက မွတ္ခ်က္ျပဳသည္။ “ကိုယ္တို႔ ဘာမွ ဝင္မေဆြးေႏြးဘူး။ အဲ့ဒီဟာနဲ႔ပတ္သက္လို႔ သူတို႔အစီအစဥ္နဲ႔သူတို႔ လုပ္ေနတာပဲေလ။ ဒီလုပ္ေဆာင္ခ်က္ႀကီးက တရားမွ်တမႈမရွိဘူး။ ဥပေဒနဲ႔မညီဘူးလို႔ ေျပာထားၿပီးၿပီ။ အဲ့ေတာ့ ဒီအေပၚမွာ ဝင္ေဆြးေႏြးရင္ ကိုယ္တို႔လည္း ဥပေဒနဲ႔မညီတဲ့သေဘာျဖစ္သြားမွာေပါ့” ဟု ဦးေသာင္းေအးက မဇၩိမကို ေျပာသည္။

ပုဒ္မ ၅၉(စ)ႏွင့္ပတ္သက္၍လည္း “လႊတ္ေတာ္မွာ အဲ့ဒီ ၅၉(စ)ကို တင္လာခဲ့လိုက္၊ ရတယ္။ တရားဝင္ လမ္းေၾကာင္းေပၚေရာက္လာရင္ တရားဝင္ ေဆြးေႏြးေပးမယ္။ အခုကေတာ့ ဘာမွမေျပာလိုပါဘူး” ဟု ၎က ဆိုသည္။ ပူးေပါင္းေကာ္မတီအေနျဖင့္ အခန္းေပါင္း ၁၅ခန္းပါရွိေသာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ငါးလအတြင္း အၿပီးသတ္ ေဆြးေႏြးၿပီိးေနာက္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ အစီရင္ခံစာတစ္ေစာင္ တင္ျပရန္ လ်ာထားသည္။ ထို႔ေနာက္ အစီရင္ခံစာကို ေဆြးေႏြးအတည္ျပဳၿပီးေနာက္ ပူးေပါင္းေကာ္မတီအေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ သည့္ ဥပေဒၾကမ္းတစ္ရပ္ကို ဆက္လက္ေရးဆြဲမည္ ျဖစ္သည္။

ပူေပါင္းေကာ္မတီအတြင္းေရးမႉး ေဒါက္တာျမတ္ဉာဏစိုးက “ဒီေန႔ အခန္း ၃ကို ေဆာင္႐ြက္တယ္။ ေဆာင္႐ြက္ တဲ့အခါ တူတာေလးေတြ စုစည္းတယ္။ မတူတာေလးေတြက်ေတာ့ လႊတ္ေတာ္ထဲမွာ တြဲၿပီးေတာ့ ေဖာ္ျပသြားမွာပါ” ဟု အစည္အေဝးအၿပီးတြင္ ေျပာၾကားသည္။

Via: Mizzima


#Unicode Version

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရန် ကန့်သတ်ထားသည်ဟု လူအများက ယုံကြည်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ပျယ်ဖျက်ရန် မတ်လ ၁၄ ရက် ယနေ့ ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးတွင် အာဏာရ NLD ပါတီက အဆိုပြုတင်ပြထားသည်ဟု သိရသည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမတွင် မတ်လ ၁၄ရက်၊ မွန်းလွဲပိုင်းက ၃နာရီနီးပါးကြာ ပြုလုပ်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်း အဝေး (၆/၂၀၁၉)တွင် ပုဒ်မ ၅၉(စ)အား ပယ်ဖျက်ရန် NLD က အဆိုပြုလိုက်ခြင်းဖြစ်သည်ဟု ပူးပေါင်း ကော်မတီဝင် တစ်ဦးက အစည်းအဝေးအပြီးတွင် အတည်ပြုသည်။ “ပုဒ်မ၅၉(စ)ကို ဖျက်ထားတယ်။ NLD ပါတီက” ဟု အမည်မဖော်လိုသည့် အဆိုပါ ပူးပေါင်းကော်မတီ အဖွဲ့ဝင် က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ- EPA

ယနေ့ကျင်းပသည့် ပူးပေါင်းကော်မတီအစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အခန်း ကဏ္ဍနှင့်ပတ်သက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ အခန်း(၃)ကို ဆွေးနွေးပြီးဖြစ်ကာ NLD အနေဖြင့် ပုဒ်မခွဲ ၃ခုကို ပြင်ဆင်ချက် တင်ထားသည်ဟု အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွှန့်က ဆိုသည်။ ပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍ NLD၏ သဘောထားကို မဇ္ဈိမအပါအဝင် သတင်းထောက်အချို့က မေးမြန်းရာတွင် “၅၉(စ)ကတော့ ပါသင့်၊ မပါသင့်နဲ့ ပါနိုင်၊ မပါနိုင် မင်းတို့ စဉ်းစားကြည့်လို့ ရပါတယ်” ဟု ဦးအောင်ကြည်ညွှန့်က ပြောကြားသည်။

သမ္မတ၊ ဒုသမ္မတ ဖြစ်ခွင့်ရှိသူ၏ အရည်အချင်းကန့်သတ်ချက်များနှင့် ပတ်သက်၍ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃)၊ ပုဒ်မ(၅၉)(စ)တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်း ကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင်ပွန်းသည် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ”ဟု ပါရှိသည်။

အဆိုပါ ပုဒ်မ ၅၉(စ)အပါအဝင် အခရာကျသည့် ပုဒ်မအချို့ကို ပြင်ဆင်လိုလျင် ပြည်ထောင်စုလွှတ်တော် အမတ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟုလည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် အဆိုပါ ပုဒ်မ ၅၉(စ)နှင့်ပတ်သက်ပြီး ပြင်ဆင်ချက် တင်သွင်းခဲ့ခြင်းမရှိဘဲ လွှတ်တော်နှင့် သမ္မတအရေအတွက်ကိုသာ ပြင်ဆင်ချက် တင်သွင်းထားကြောင်း ပူးပေါင်းကော်မတီဝင်ဖြစ်သူ ပေါက်တောမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကျော်ဇံက ပြောသည်။

လွှတ်တော်သုံးရပ်မှာ ပြည်ထောင်စုကို ဖြုတ်လိုက်တယ်။ သမ္မတသုံးယောက်မှာ ဒုသမ္မတတစ်ယောက်ကို ဖြုတ်လိုက်တယ်။ အဲ့တော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကတင်တဲ့ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေး။ သမ္မတတစ်ယောက်၊ ဒုသမ္မတတစ်ယောက်ကျန်မယ်။ ဒီသဘောပဲ” ဟု ၎င်းက ဆိုသည်။

လွှတ်တော်အမတ် ၄၅ဦးဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက လက်ရှိအချိန်ထိ အခန်း ၁၊ ၂၊ ၃ ဆွေးနွေးပြီးဖြစ်သော်လည်း တပ်မတော်အစုအဖွဲ့နှင့် အတိုက်အခံ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များက ပြင်ဆင်ချက် တစ်စုံတစ်ရာ တင်ပြထားခြင်းမရှိသေးကြောင်းလည်း ဦးအောင်ကျော်ဇံက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပူးပေါင်းကော်မတီသည် ဥပဒေနှင့်မညီသောကြောင့် ကော်မတီတွင် တစ်စုံတရာ ဝင်ရောက်ဆွေးနွေးမည်မဟုတ်ဟု ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးက မှတ်ချက်ပြုသည်။ “ကိုယ်တို့ ဘာမှ ဝင်မဆွေးနွေးဘူး။ အဲ့ဒီဟာနဲ့ပတ်သက်လို့ သူတို့အစီအစဉ်နဲ့သူတို့ လုပ်နေတာပဲလေ။ ဒီလုပ်ဆောင်ချက်ကြီးက တရားမျှတမှုမရှိဘူး။ ဥပဒေနဲ့မညီဘူးလို့ ပြောထားပြီးပြီ။ အဲ့တော့ ဒီအပေါ်မှာ ဝင်ဆွေးနွေးရင် ကိုယ်တို့လည်း ဥပဒေနဲ့မညီတဲ့သဘောဖြစ်သွားမှာပေါ့” ဟု ဦးသောင်းအေးက မဇ္ဈိမကို ပြောသည်။

ပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍လည်း “လွှတ်တော်မှာ အဲ့ဒီ ၅၉(စ)ကို တင်လာခဲ့လိုက်၊ ရတယ်။ တရားဝင် လမ်းကြောင်းပေါ်ရောက်လာရင် တရားဝင် ဆွေးနွေးပေးမယ်။ အခုကတော့ ဘာမှမပြောလိုပါဘူး” ဟု ၎င်းက ဆိုသည်။ ပူးပေါင်းကော်မတီအနေဖြင့် အခန်းပေါင်း ၁၅ခန်းပါရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ငါးလအတွင်း အပြီးသတ် ဆွေးနွေးပြီးနောက် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတစ်စောင် တင်ပြရန် လျာထားသည်။ ထို့နောက် အစီရင်ခံစာကို ဆွေးနွေးအတည်ပြုပြီးနောက် ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းတစ်ရပ်ကို ဆက်လက်ရေးဆွဲမည် ဖြစ်သည်။

ပူပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “ဒီနေ့ အခန်း ၃ကို ဆောင်ရွက်တယ်။ ဆောင်ရွက် တဲ့အခါ တူတာလေးတွေ စုစည်းတယ်။ မတူတာလေးတွေကျတော့ လွှတ်တော်ထဲမှာ တွဲပြီးတော့ ဖော်ပြသွားမှာပါ” ဟု အစည်အဝေးအပြီးတွင် ပြောကြားသည်။

Via: Mizzima