Sponsored

တရုတ်နိုင်ငံ ဝူဟန်မြို့ က မြန်မာကျောင်းသား ကျောင်းသူ (၆၃) ဦးထဲက (၃) ဦးမှာ နေမကောင်းဖြစ်နေပြီး တစ်ဦးမှာ ပတ်စပို့/ဗီဇာမရှိတာကြောင့် (၅၉) ဦးသာ မန္တလေးသို့ ပြန်လည် ရောက်ရှိခဲ့တာဖြစ်တယ် လို့ ကနဦး သိရပါတယ် ။

ရောက်ရှိလာတဲ့ ကျောင်းသား ကျောင်းသူတွေကို မန္တလေးမြို့ ၆၂ လမ်း က ကန်တော်နဒီ ဆေးရုံမှာ ထားထားပြီး (၁၄) ရက်တာ စောင့်ကြည့်တာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ် ။

Photos-MPA

တရုတ်အစိုးရခွင့်ပြုချက်ဖြင့် ဝူဟန်မြို့ ရှိ မြန်မာကျောင်းသားများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရန် စီစဉ်ကာ ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

Sponsored

အဆိုပါကျောင်းသားများအား ပြန်လည်ခေါ်ဆောင်ရန်အတွက် မြန်မာနိုင်ငံမှ လေယာဉ်ဝန်ထမ်း ကိုးဦး၊ လုံခြုံရေးနှစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။

Photos-MPA

မြန်မာကျောင်းသား ၅၉ ဦးမှာ မန္တလေး မြို့ရှိ တံတားဦးလေဆိပ်သို့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၄ နာရီ ၂ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် မန္တလေးမြို့ရှိ ကန်တော်နဒီ ဆေးရုံသို့ ပို့ဆောင်ကာ စောင့်ကြည့်စစ်ဆေးမှု များ ပြုလုပ်မည်ဖြစ်သည်။

Photos-MPA

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *