ၿပိဳင္ဘက္ရက္ပါရဲ႕ ႐ိႈးပြဲကုိ လူမ၀င္ေအာင္ ေရွ႕ဆံုးခံု(၂၀၀)ကို ၀ယ္ပစ္လိုက္တဲ့ 50 cent

Twitter

ရက္(ပ္) စတား 50 Cent တစ္ေယာက္ကေတာ့ သူနဲ႔ Ja Rule နဲ႔ၾကားက ရန္စကို ဆက္လက္ျပီး အဓြန္႔ရွည္ေစခဲ့ပါတယ္။ သူဟာ သူရဲ႕ ဂီတျပိဳင္ဘက္ရဲ႕ မၾကာခင္မွာ က်င္းပမယ့္ ရိႈးရဲ႕ ေရွ႕ဆံုးတန္းက ခံုလက္မွတ္ (၂၀၀) ေက်ာ္ကို ၀ယ္ပစ္လိုက္ျပီလို႔ ဆိုပါတယ္။

Twitter

Ja Rule  ရဲ႕ ပြဲကို လာမည့္ ႏို၀င္ဘာ (၉) ရက္ေန႔မွာ Texas ျပည္နယ္ Arlington ျမိဳ႕မွာ က်င္းပမွာပါ။ ဒီလို ခံု (၂၀၀) ကို ၀ယ္ခဲ့တဲ့ ရည္ရြယ္ခ်က္ကေတာ့ ေနရာေတြ လြတ္ေနေစခ်င္လို႔ ျဖစ္တယ္ဆိုျပီး အတည္ၾကီးေျပာတာပါ။ ေနာက္ျပီး (၁၅) ေဒၚလာနဲ႔ ေရာင္းခ်ခဲ့တဲ့ လက္မွတ္ႏႈန္းထားနဲ႔ ပတ္သက္ျပီး ဟာသေတြလည္း လုပ္ခဲ့ပါေသးတယ္။

Twitter

ဒီ ရက္(ပ္)ပါ ႏွစ္ေယာက္ၾကားက ရန္ျငိဳးဟာ ဆယ္စုႏွစ္တစ္ခုထိ ၾကာျမင့္ေနခဲ့ပါျပီ။ တစ္ခါတစ္ရံမွာလည္း ရုန္းရင္းဆန္ခတ္ေတြျဖစ္တတ္ၾကတယ္လို႔ Vulture ကေဖာ္ျပထားတာကို ေတြ႔ရတယ္။ ေအးေဆးျဖစ္ေနခဲ့ၾကတာ ၾကာျပီး ဆိုေပမယ့္ အခု 50 cent က လက္မွတ္ကိစၥနဲ႔ မီးကို တစ္ခါျပန္ေမႊးေနသလိုပဲ။

Twitter

50 Cent က သူရဲ႕ အင္စတာဂရမ္ အေကာင့္ကေနျပီး တစ္မ်ိဳးျပီး တစ္မ်ိဳး တိုက္ခိုက္ေနခဲ့တာပါ။ ခံုအလြတ္ေတြမွာ သူ႔ပံု သူထည့္ျပီးလည္း တင္ထားတာကိုလည္း ေတြ႔ရပါေသးတယ္။  ဒီလိုေတြ ကိုယ့္ကို ေဖာင္းေနတာကို Ja Rule ကလည္း တိုက္ရိုက္တုံ႔ျပန္တာမ်ိဳးမဟုတ္ဘဲ ရိုးရိုးေလးပဲ ျပန္တင္ခဲ့ပါတယ္။ ဘာေတြ ဆက္ျဖစ္လာဦးမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာပါ….။

Twitter

Source: Metro
Matthew
Via: Shwemom


#Unicode Version

ရက်(ပ်) စတား 50 Cent တစ်ယောက်ကတော့ သူနဲ့ Ja Rule နဲ့ကြားက ရန်စကို ဆက်လက်ပြီး အဓွန့်ရှည်စေခဲ့ပါတယ်။ သူဟာ သူရဲ့ ဂီတပြိုင်ဘက်ရဲ့ မကြာခင်မှာ ကျင်းပမယ့် ရှိုးရဲ့ ရှေ့ဆုံးတန်းက ခုံလက်မှတ် (၂၀၀) ကျော်ကို ဝယ်ပစ်လိုက်ပြီလို့ ဆိုပါတယ်။

Twitter

Ja Rule  ရဲ့ ပွဲကို လာမည့် နိုဝင်ဘာ (၉) ရက်နေ့မှာ Texas ပြည်နယ် Arlington မြို့မှာ ကျင်းပမှာပါ။ ဒီလို ခုံ (၂၀၀) ကို ဝယ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ နေရာတွေ လွတ်နေစေချင်လို့ ဖြစ်တယ်ဆိုပြီး အတည်ကြီးပြောတာပါ။ နောက်ပြီး (၁၅) ဒေါ်လာနဲ့ ရောင်းချခဲ့တဲ့ လက်မှတ်နှုန်းထားနဲ့ ပတ်သက်ပြီး ဟာသတွေလည်း လုပ်ခဲ့ပါသေးတယ်။

Twitter

ဒီ ရက်(ပ်)ပါ နှစ်ယောက်ကြားက ရန်ငြိုးဟာ ဆယ်စုနှစ်တစ်ခုထိ ကြာမြင့်နေခဲ့ပါပြီ။ တစ်ခါတစ်ရံမှာလည်း ရုန်းရင်းဆန်ခတ်တွေဖြစ်တတ်ကြတယ်လို့ Vulture ကဖော်ပြထားတာကို တွေ့ရတယ်။ အေးဆေးဖြစ်နေခဲ့ကြတာ ကြာပြီး ဆိုပေမယ့် အခု 50 cent က လက်မှတ်ကိစ္စနဲ့ မီးကို တစ်ခါပြန်မွှေးနေသလိုပဲ။

Twitter

50 Cent က သူရဲ့ အင်စတာဂရမ် အကောင့်ကနေပြီး တစ်မျိုးပြီး တစ်မျိုး တိုက်ခိုက်နေခဲ့တာပါ။ ခုံအလွတ်တွေမှာ သူ့ပုံ သူထည့်ပြီးလည်း တင်ထားတာကိုလည်း တွေ့ရပါသေးတယ်။  ဒီလိုတွေ ကိုယ့်ကို ဖောင်းနေတာကို Ja Rule ကလည်း တိုက်ရိုက်တုံ့ပြန်တာမျိုးမဟုတ်ဘဲ ရိုးရိုးလေးပဲ ပြန်တင်ခဲ့ပါတယ်။ ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ….။

Twitter

Source: Metro
Matthew
Via: Shwemom