ပုဒ္မ ၄၃၆ သည္ တံခါးအားလံုးဖြင့္မည့္ ေသာ့တစ္ေပါက္ဟု ဦးမင္းကိုႏိုင္ေျပာျပီ

ဦးမင္းကိုႏိုင္

၂ဝဝ၈ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ အခြင့္ထူးခံထားသည့္ အခ်က္မ်ားကို ျပင္ဆင္မည္ဆိုပါက ပုဒ္မ- ၄၃၆ သည္ တံခါးအားလုံးဖြင့္မည့္ ေသာ့တစ္ေပါက္ျဖစ္ေၾကာင္း ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ေဟာင္း ဦးမင္းကိုႏိုင္ က ေျပာဆိုလိုက္သည္။

ကြၽန္ေတာ္တို႔ဘက္ကေတာ့ အခြင့္ထူးခံထားတာေတြကို ျပင္ခ်င္တယ္။ ကိုယ္မဟုတ္တာလုပ္ထားလို႔ရွိရင္ အဲဒါကို အကာအကြယ္ယူထားတာမ်ိဳးကို လက္မခံဘူး။ အဲဒီေတာ့ ဘယ္သူမဆိုအခြင့္ထူးမခံနဲ႔။ အဲဒါမ်ိဳးကို ေတာ့ ကြၽန္ေတာ္ျပင္ခ်င္တယ္။ ေကာင္းၿပီ။ အဲဒီဟာေတြ ျပင္ဖို႔ အတြက္ကိုေတာ့ ကြၽန္ေတာ္တို႔ အရင္ဆုံး ႀကိဳးစားခဲ့တာ ဟုတ္တယ္။ ၄၃၆ ကို ကြၽန္ေတာ္တို႔ ျပင္ဖို႔ႀကိဳးစားခဲ့တယ္။ အဲဒီဟာက တံခါးအားလုံးကို ဖြင့္မယ့္ ေသာ့တစ္ေပါက္ေပါ့ဗ်ာ”ဟု ဦးမင္းကိုႏိုင္က ေျပာသည္။

ဦးမင္းကိုႏိုင္

မတ္လ ၁၃ ရက္၊ ရန္ကုန္နည္းပညာတကၠသိုလ္တြင္ က်င္းပျပဳလုပ္ခဲ့ေသာ စက္မႈတကၠသိုလ္ေက်ာင္းသား ကိုဖုန္းေမာ္ႏွင့္ ကိုစိုးႏိုင္တို႔ က်ဆုံးျခင္း (၃၁)ႏွစ္ျပည့္ အခမ္းအနားတြင္ မီဒီယာမ်ားေမးျမန္းမႈကို ဦးမင္းကိုႏိုင္က ထိုသို႔ ေျဖဆိုခဲ့ျခင္းျဖစ္သည္။

ဒါေပမယ့္ အခုဟာက လႊတ္ေတာ္ထဲမွာ ျပင္ဖို႔ ႀကိဳးစားမယ္ေျပာတယ္။ ျပည္သူလူထုကေနၿပီးေတာ့ ရပ္ထဲ႐ြာ ထဲကေနၿပီး ဒါကို ျပင္သင့္တယ္ဆိုၿပီး ဝိုင္းၿပီးေတာ့ ေျပာတယ္။ အဲ့ဒီေတာ့ ေနာက္ဆုံးအေျခအေနက ဘာျဖစ္ သြားလည္းဆိုေတာ့ ျပင္ဖို႔ကိစၥကို မျငင္းဘဲနဲ႔ ဘယ္ဟာကို ျပင္မယ္ဆိုတဲ့ အပိုင္းဘက္ကို ေရာက္သြားတာပဲ။ ကြၽန္ေတာ္ကေတာ့ ဒီလႊတ္ေတာ္ထဲမွာ အခုႀကိဳးစားေနတဲ့ ျပင္ဆင္ေရးေကာ္မတီရဲ႕ ေနာက္ဆုံး အဆုံးသတ္ ေပါ့ဗ်ာ၊ အဲ့ဒီေၾကညာခ်က္မ်ိဳးကို ကြၽန္ေတာ္ပိုၿပီးေတာ့ ၾကည့္ခ်င္တယ္။ အဲ့ဒီဟာမ်ိဳးကေတာ့ ကြၽန္ေတာ္တို႔ ျပည္သူလူထုအေနနဲ႔ေရာ၊ ဒီႏိုင္ငံေရးမွာ တက္တက္ႂကြႂကြနဲ႔ တာဝန္ႀကီးႀကီးယူၿပီးေတာ့ လုပ္လာတဲ့သူေတြေရာ၊ အဲ့ဒီမွာ အားစိုက္ၿပီးေတာ့ လိုက္ရမယ္လို႔ ကြၽန္ေတာ္နားလည္ထားတယ္”ဟု ၈၈ မ်ိဳးဆက္ေက်ာင္းသား ေခါင္းေဆာင္ေဟာင္း ဦးမင္းကိုႏိုင္က ေျပာသည္။

၈၈ မ်ိဳးဆက္၊ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္းအေနျဖင့္လည္း ယခင္အစိုးရလက္ထက္က အမ်ိဳးသား ဒီမ်ိဳးကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီျဖင့္ ပူးေပါင္းၿပီး ၄၃၆ ျပင္ဆင္ေရးအတြက္ လက္မွတ္ေကာက္ခံမႈမ်ား ျပဳလုပ္ခဲ့ရာ လက္မွတ္ ၅ သန္းေက်ာ္အထိ ရရွိခဲ့သည္။

၂ဝဝ၈ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ ပါဝင္သည့္ ပုဒ္မ- ၄၃၆ (က)မွာ “ဤဖြဲ႕စည္းပုံအေျခခံဥပေဒ၏ အခန္း(၁) ပုဒ္မ ၁ မွ ၄၈ ထိ၊ အခန္း(၂)ပုဒ္မ ၄၉ မွ ၅၆ ထိ၊ အခန္း(၃) ပုဒ္မ ၅၉၊ ၆ဝ၊ အခန္း(၄) ပုဒ္မ ၇၄ မွ ၁ဝ၉၊ ၁၄၁၊ ၁၆၁၊ အခန္း(၅) ပုဒ္မ ၂ဝဝ၊ ၂ဝ၁၊ ၂၄၈၊ ၂၇၆၊ အခန္း(၆) ပုဒ္မ ၂၉၃၊ ၂၉၄၊ ၃ဝ၅၊ ၃၁၄၊ ၃၂ဝ၊ အခန္း(၁၁) ပုဒ္မ ၄၁ဝ မွ ၄၃၂ ထိ၊ အခန္း(၁၂) ပုဒ္မ ၄၃၆ တို႔ရွိ ျပ႒ာန္းခ်က္မ်ားကို ျပင္ဆင္လိုလွ်င္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္အားလုံး၏ ၇၅ ရာခိုင္ႏႈန္းေက်ာ္က ျပင္ဆင္ရန္ သေဘာတူလက္ခံၿပီးေနာက္ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲက်င္းပ၍ ဆႏၵမဲေပးပိုင္ခြင့္ရွိသူအားလုံး၏ ထက္ဝက္ေက်ာ္ဆႏၵမဲျဖင့္သာ ျပင္ဆင္ ရမည္” ဟု ပါရွိသည္။

၄၃၆ (ခ)မွာ ပုဒ္မခြဲ(က)တြင္ ေဖာ္ျပထားသည့္ ျပ႒ာန္းခ်က္မ်ားမွအပ အျခားျပ႒ာန္းခ်က္မ်ားကို ျပည္ေထာင္ စုလႊတ္ေတာ္ကိုယ္စားလွယ္အားလုံး၏ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံဆႏၵမဲျဖင့္သာ ျပင္ဆင္ရမည္ဟု ပါရွိသည္။

Via: Mizzima


#Unicode Version

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခွင့်ထူးခံထားသည့် အချက်များကို ပြင်ဆင်မည်ဆိုပါက ပုဒ်မ- ၄၃၆ သည် တံခါးအားလုံးဖွင့်မည့် သော့တစ်ပေါက်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင် က ပြောဆိုလိုက်သည်။

ကျွန်တော်တို့ဘက်ကတော့ အခွင့်ထူးခံထားတာတွေကို ပြင်ချင်တယ်။ ကိုယ်မဟုတ်တာလုပ်ထားလို့ရှိရင် အဲဒါကို အကာအကွယ်ယူထားတာမျိုးကို လက်မခံဘူး။ အဲဒီတော့ ဘယ်သူမဆိုအခွင့်ထူးမခံနဲ့။ အဲဒါမျိုးကို တော့ ကျွန်တော်ပြင်ချင်တယ်။ ကောင်းပြီ။ အဲဒီဟာတွေ ပြင်ဖို့ အတွက်ကိုတော့ ကျွန်တော်တို့ အရင်ဆုံး ကြိုးစားခဲ့တာ ဟုတ်တယ်။ ၄၃၆ ကို ကျွန်တော်တို့ ပြင်ဖို့ကြိုးစားခဲ့တယ်။ အဲဒီဟာက တံခါးအားလုံးကို ဖွင့်မယ့် သော့တစ်ပေါက်ပေါ့ဗျာ”ဟု ဦးမင်းကိုနိုင်က ပြောသည်။

ဦးမင်းကိုနိုင်

မတ်လ ၁၃ ရက်၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သော စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၁)နှစ်ပြည့် အခမ်းအနားတွင် မီဒီယာများမေးမြန်းမှုကို ဦးမင်းကိုနိုင်က ထိုသို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ဒါပေမယ့် အခုဟာက လွှတ်တော်ထဲမှာ ပြင်ဖို့ ကြိုးစားမယ်ပြောတယ်။ ပြည်သူလူထုကနေပြီးတော့ ရပ်ထဲရွာ ထဲကနေပြီး ဒါကို ပြင်သင့်တယ်ဆိုပြီး ဝိုင်းပြီးတော့ ပြောတယ်။ အဲ့ဒီတော့ နောက်ဆုံးအခြေအနေက ဘာဖြစ် သွားလည်းဆိုတော့ ပြင်ဖို့ကိစ္စကို မငြင်းဘဲနဲ့ ဘယ်ဟာကို ပြင်မယ်ဆိုတဲ့ အပိုင်းဘက်ကို ရောက်သွားတာပဲ။ ကျွန်တော်ကတော့ ဒီလွှတ်တော်ထဲမှာ အခုကြိုးစားနေတဲ့ ပြင်ဆင်ရေးကော်မတီရဲ့ နောက်ဆုံး အဆုံးသတ် ပေါ့ဗျာ၊ အဲ့ဒီကြေညာချက်မျိုးကို ကျွန်တော်ပိုပြီးတော့ ကြည့်ချင်တယ်။ အဲ့ဒီဟာမျိုးကတော့ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ရော၊ ဒီနိုင်ငံရေးမှာ တက်တက်ကြွကြွနဲ့ တာဝန်ကြီးကြီးယူပြီးတော့ လုပ်လာတဲ့သူတွေရော၊ အဲ့ဒီမှာ အားစိုက်ပြီးတော့ လိုက်ရမယ်လို့ ကျွန်တော်နားလည်ထားတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင်က ပြောသည်။

၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့်လည်း ယခင်အစိုးရလက်ထက်က အမျိုးသား ဒီမျိုးကရေစီအဖွဲ့ချုပ်(NLD) ပါတီဖြင့် ပူးပေါင်းပြီး ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ကောက်ခံမှုများ ပြုလုပ်ခဲ့ရာ လက်မှတ် ၅ သန်းကျော်အထိ ရရှိခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် ပုဒ်မ- ၄၃၆ (က)မှာ “ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂)ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆ဝ၊ အခန်း(၄) ပုဒ်မ ၇၄ မှ ၁ဝ၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂ဝဝ၊ ၂ဝ၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃ဝ၅၊ ၃၁၄၊ ၃၂ဝ၊ အခန်း(၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင် ရမည်” ဟု ပါရှိသည်။

၄၃၆ (ခ)မှာ ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိသည်။

Via: Mizzima