Sponsored

ပစိဖိတ်သမုဒ္ဒရာထဲတွင် တာဝန်ကျနေသော အမေရိကန် ရေတပ်မှ လေယာဉ်တင်သင်္ဘော USS Theodore Roosevelt ပေါ်တွင် COVID-19 ကူးစက်နေသည့် တပ်ဖွဲ့ဝင် ၃၆ ဦးထက်မနည်းကို စစ်ဆေးတွေ့ရှိသည်။

သင်္ဘောတစ်စီးလုံးတွင်ပါဝင်သော တပ်ဖွဲ့ဝင် ၅၀၀၀ စလုံးကို စစ်ဆေးပြီးပါက ကူးစက်သူအရေအတွက် ထပ်မံတိုးလာဦးမည်ဟူလည်း ရေတပ်အာဏာပိုင်များက မျှော်လင့်ထားကြသည်။

@ABCNews

သင်္ဘောပေါ်ဝယ် COVID-19 ကူးစက်နေသူ ၃ ဦးကို ယခုရက်သတ္တပတ်အစောပိုင်းက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဂူအန်ဆိပ်ကမ်းသု့ သောကြာနေ့က ရောက်ရှိချိန်တွင်မူ ကူးစက်သူ ၂၅ ဦးကို စစ်ဆေးတွေ့ရှိနေပြီဖြစ်သည်။

Sponsored

ယခုအခါ ယင်းလေယာဉ်တင်သင်္ဘောသည် ဂူအန်မြို့ဆိပ်ကမ်းတွင် သီးသန့်ခွဲခြားဆိုက်ကပ်ထားကာ စစ်ဆေးကုသမှုများဆောင်ရွက်လျှက်ရှိသည်။

@ABCNews

ယင်း သင်္ဘောကြီး နောက်ဆုံးကမ်းကပ်ခဲ့သည်မှာ ဗီယက်နမ်နိုင်ငံ ဆိပ်ကမ်းတစ်ခုတွင်ဖြစ်ပြီး သာမန်ကမ်းကပ်ရုံမျှဖြင့် ရောဂါကူးစက်ရန်မှာ ခဲယဉ်းကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ဂီလ်ဒီကပြောသည်။

ယခုကူးစက်ခံသင်္ဘောသားအားလုံးမှာလည်း ကျန်းမာရေးအခြေအနေများကောင်းမွန်နေပြီး၊ ဆေးရုံတက်ကုသရန် လိုအပ်သူ တစ်ဦးမျှ မရှိကြောင်းသိရသည်။

@ABCNews

ယင်းသည် သမုဒ္ဒရာထဲတွင် ရှိနေသော အမေရိကန် ရေတပ်မှ သင်္ဘောတစ်စီးပေါ်တွင် COVID-19 ကူးစက်နေသူများကို ပထမဆုံးတွေ့ရှိခြင်းဖြစ်သည်။

သင်္ဘောသားများအား မည်သည့်နေရာမှ ဗိုင်းရပ်စ်ကူးစက်ခံလာရသည်ကို စုံစမ်းစစ်ဆေးနေလျှက်ရှိကြောင်းသိရသည်။

Source: ABC News

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *