Sponsored

ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ တရုတ်သမ္မတ ရဲ့ ဒုတိယနေ့ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့တွေ့ဆုံနေကြပြီး ကျောက်ဖြူစီမံကိန်း၊ နယ်စပ်ဒေသစီမံကိန်းတွေအပါအဝင် မြန်မာ- တရုတ် နှစ်နိုင်ငံကြား သဘောတူစာချွန်လွှာ၃၃ခုကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သဘောတူစာချုပ်တွေထဲမှာ ရွှေလီ – မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင် သဘောတူစာချုပ် လုပ်ငန်းစဉ်များလျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ၊ရန်ကုန် မြစ်၀ အနောက်ဘက်ကမ်း ထိန်းသိမ်းရေးစီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၊ တရုတ် အမျိုးသားရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနဲ့ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းရေး၊ ၃နှစ်တာ နယ်စပ်ဒေသများ ဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ လဲလှယ်မှုစာချွန်လွှာစတဲ့ သဘောတူစာချုပ်တွေကို ၂နိုင်ငံကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။

Photo: BBC

1 .ရန်ကုန်ရဲကွပ်ကဲမှု ဗဟိုဌာနအား လွှဲပြောင်းခြင်းစာလွှာ

Sponsored

2 .မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ကင်းလှည့်ရေယာဉ် ၆စီး ပေးအပ်ရေး လဲလှယ်မှုစာလွှာ

3 .၃ နှစ်တာ နယ်စပ်ဒေသများ ဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်နိုင်ချေလေ့လာမှုဆိုင်ရာ လဲလှယ်မှုစာချွန်လွှာ

4 .တရုတ်အမျိုးသားရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနှင့် မြန်မာပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်

5 .၂၀၂၀ လန်ချန်း-မဲခေါင် ရုပ်မြင်သံကြားသီတင်းပတ်၏ မြန်မာနေ့ ပူးတွဲကျင်းပရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ

6 .မြန်မာနိုင်ငံမှ ဆန်ကိုတရုတ်နိုင်ငံသို့တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်

7 .မြန်မာနိုင်ငံမှ အပူပေးစနစ်ဖြင့် ပြုပြင်ထုတ်လုပ်သော ပိုးအိမ်ခြောက်များ တင်ပို့ခြင်းဆိုင်ရာ သဘောတူစာချုပ်

Photo: BBC

8 .မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲ၊နွားများအတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ကျန်းမာရေးလိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်

9 .စိုက်ပျိုးရေးထွက်ကုန်များ၏ အ‌ရည်အသွေးထိန်းချုပ်မှု ဗဟိုဌာန စီမံကိန်းဆိုင်ရာ စာလွှာ

10 .စပ်မျိုးစပါး သုတေသန ဗဟိုဌာန စီမံကိန်းဆိုင်ရာ စာလွှာ

11 .အတိုးမဲ့ချေးငွေဖြင့် လူစီးရထားတွဲများ ဝယ်ယူရေးသဘောတူစာချုပ်

12 .ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူစာချုပ် လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ

13 .ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ

14 .အမှတ် ၂စက်မှုသင်တန်းကျောင်း မန္တလေး အဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်

15 .ကုန်ထုတ်စွမ်းအားနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ

16 .အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ

Photo: BBC

17 .လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ

18 .ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေး စီမံကိန်းဖြစ်နိုင်ချေ လေ့လာမှုဆိုင်ရာစာလွှာ

19 .ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်

20 .နှစ်နိုင်ငံ သံရုံးမြေနှင့် အဆောက်အအုံ အပြန်အလှန်ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက်

21. နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ

22 .မူဆယ်-မန္တလေးရထားလမ်း ဖြစ်နိုင်ချေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်းစာလွှာ

23 .မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနှင့်ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီးစီမံကိန်း ဖြစ်နိုင်‌ခြေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်းစာလွှာ

24 .တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းဖြစ်နိုင်ခြေလေ့လာမှု ဆိုင်ရာနားလည်မှု စာချွန်လွှာ

25. ရန်ကုန်တိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေးဆက်ဆံမှု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ

26 .ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် စာလွှာ

27 .မန္တလေးတိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်အကြား မြန်မာ့စီးပွားရေးစြင်္ကံပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ

28 .နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ

29 .ကွမ်းလုံတံတားစီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်

30.ရန်ကုန်မြစ်ဝအနောက်ဖက်ကမ်း ထိန်းသိမ်းရေးစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ

31. မန္တလေး-ပုဂံရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု နားလည်မှုစာချွန်လွှာ

32. မီးလင်းချိုင်သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်မှုဆိုင်ရာ စာလွှာ

33. “ဝ” တစ်လုံးဥမင်လှိုဏ်ခေါင်း စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ

ကို Aung Soe Moe ဆီမှ ကူးတင်သည်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *