ဆုရရွိသင့္သူအခ်ိဳ႕ ဆုႏွင့္ လြဲေခ်ာ္ခဲ့သည့္အတြက္ ပရိသတ္မ်ားၾကားတြင္ မေက်နပ္မႈမ်ားျဖစ္ေပၚ

ဇဏ္ခီႏွင့္ ခရစၥတီးနားခီ ၊ ေနတိုးႏွင့္ မိခင္၊ ဇြဲေဝယံထူးႏွင့္ ဇြဲေဝယံထက္

၂၀၁၈ ခုႏွစ္အတြက္ ေပးအပ္သည့္ အကယ္ဒမီဆုစာရင္းမ်ား အြန္လိုင္းေပၚတြင္ ႀကိဳတင္ေပါက္ၾကားမႈအေပၚ ေဝဖန္မႈမ်ား ထြက္ေပၚခဲ့ၿပီး ဆုရရွိသင့္သူအခ်ိဳ႕ ဆု ႏွင့္ လြဲေခ်ာ္ခဲ့သည့္အတြက္ ပရိသတ္မ်ားၾကားတြင္ မေက်နပ္မႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။ ၂၀၁၈ ခုႏွစ္အတြက္ေပးအပ္သည့္ အကယ္ဒမီထူးခြၽန္ဆုေပးပြဲကို မတ္ ၂၃ ရက္ ညပိုင္းတြင္ ရန္ကုန္ၿမိဳ႕ The One Entertainment ၌ က်င္းပခဲ့ၿပီး ဆုေပးပြဲ က်င္းပေနဆဲအခ်ိန္မွာပင္ အကယ္ဒမီ ထူးခြၽန္ဆုရရွိသူမ်ားစာရင္းမွာ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔လာခဲ့ၿပီး ယင္းထြက္ေပၚခဲ့သည့္ စာရင္းတြင္ပါဝင္ေသာ စာရင္းအတိုင္း ဆုမ်ားေပးအပ္ခဲ့သျဖင့္ ပရိသတ္မ်ားၾကားတြင္ ေဝဖန္မႈမ်ားစြာ ထြက္ေပၚခဲ့ျခင္း ျဖစ္သည္။ ထို႔ျပင္ အကယ္ဒမီ ဆန္ခါတင္ စာရင္းဝင္ဇာတ္ကားမ်ားတြင္ ပါဝင္ကာ ပရိသတ္အားေပးမႈမ်ားျပားသည့္ဇာတ္ကားအခ်ိဳ႕မွ ဆုရရွိသင့္သူ အခ်ိဳ႕မွာလည္း ဆုႏွင့္လြဲ ေခ်ာ္ခဲ့သည့္အတြက္ ပရိသတ္မ်ားၾကားတြင္ မေက်နပ္မႈမ်ား ပိုမိုျပင္းထန္ေစခဲ့ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္အတြင္း ႐ုံတင္ျပသခဲ့သည့္ ဇာတ္ကား ၈၃ ကားရွိခဲ့ၿပီး ယင္းဇာတ္ကားမ်ားထဲမွ အကယ္ဒမီ ဆန္ခါတင္စာရင္းဝင္ ဇာတ္ကားအျဖစ္ ၂၅ ကား ထုတ္ျပန္ေၾကညာခဲ့သည္။ ယင္းဇာတ္ကားမ်ားတြင္ ပရိသတ္ စံခ်ိန္တင္အားေပးခဲ့သည့္ ႐ုပ္ရွင္ဇာတ္ကားမ်ား၊ ျမန္မာ့႐ုပ္ရွင္ေလာက၏ အေ႐ြ႕တစ္ခုအျဖစ္ ပရိသတ္မ်ားက ယူဆခဲ့သည့္ ဇာတ္ကားမ်ား ပါဝင္ခဲ့ေသာ္လည္း အကယ္ဒမီထူးခြၽန္ဆုမ်ား ေပးအပ္ရာတြင္မူ ယင္းကဲ့သို႔ ပရိသတ္ အားေပးမႈမ်ားျပားခဲ့သည့္ ဇာတ္ကားအခ်ိဳ႕ ဆုရရွိျခင္း မရွိခဲ့သည့္အတြက္ ပရိသတ္မ်ား၏ေဝဖန္မႈ ျမင့္တက္ခဲ့သည္။ ၂၀၁၈ ခုႏွစ္အတြင္း ရက္သတၱပတ္ၾကာျမင့္စြာ ႐ုံတင္ျပသခဲ့ရၿပီး ႏွစ္ေက်ာ့ျပန္ ျပသရသည္အထိ ပရိသတ္အားေပးမႈ မ်ားျပားခဲ့သည့္ ဥပါယ္တံမ်ဥ္႐ုပ္ရွင္ဇာတ္ကား၊ ဇာတ္ေကာင္စ႐ိုက္ ပီျပင္မႈကို အသားေပး၍ ေခတ္ကာလ၏ပုံရိပ္ မ်ားကို မွန္ကန္စြာပုံေဖာ္ထားခဲ့သည့္ ‘မီ’ ႐ုပ္ရွင္ဇာတ္ကားမ်ားမွ အကယ္ဒမီဆုႏွင့္ လြဲေခ်ာ္ခဲ့သည့္အျပင္ မုန္းစြဲဇာတ္ကားတြင္ ခက္ခဲသည့္ အမူအရာမ်ားကို အပီျပင္ဆုံး ပုံေဖာ္ကာ အႏုပညာအရည္အေသြးကို အေကာင္းဆုံး ပုံေဖာ္ခဲ့သည့္ အကယ္ဒမီေနတိုးမွာ ဆုႏွင့္လြဲေခ်ာ္ခဲ့ရသည္။ ယင္းသို႔ပရိသတ္မ်ား၏ ေမွ်ာ္လင့္ခ်က္ႀကီးစြာထားခဲ့သည့္ဆု အခ်ိဳ႕လြဲေခ်ာ္ခဲ့သည့္အျပင္ ဆုစာရင္းမွာလည္း ႀကိဳတင္ေပါက္ၾကားေနသည့္အတြက္ ေဝဖန္မႈမ်ား အရွိန္အဟုန္ျမင့္တက္ခဲ့ျခင္း ျဖစ္သည္။ ထို႔ျပင္ အကယ္ဒမီထူးခြၽန္ဆု ရရွိခဲ့သည့္ အႏုပညာရွင္အခ်ိဳ႕၏ ေက်းဇူးတင္ စကားေျပာၾကားမႈအခ်ိဳ႕ အေပၚတြင္လည္း ေဝဖန္မႈမ်ားရွိခဲ့သည္။

ဆုစာရင္းစာ႐ြက္ အတိအက်က ႀကိဳေပါက္တယ္ဆိုတာ မျဖစ္သင့္တဲ့ကိစၥပါ။ ဒါက အတြင္းစည္းကေန ေပါက္ၾကားတာလား၊ ဘယ္လိုျဖစ္တာလဲ။ အခုေပးခဲ့တဲ့ဆုေတြအေပၚမွာေရာ ဘယ္ေလာက္ထိ စိတ္ခ်ယုံၾကည္ ရမလဲဆိုတာမ်ိဳးေတြအထိ ျဖစ္ေစပါတယ္။ ဒီလိုဆုစာရင္းေတြ ႀကိဳၿပီး ေပါက္ၾကားတာမ်ိဳးကေတာ့ အရမ္းကို ရွက္စရာလည္း ေကာင္းသလို ေတာ္ေတာ္ေလးကိုလြဲမွားတဲ့ အေျခအေနလို႔ ေျပာရပါမယ္။ ၿပီးေတာ့ ဆုရသင့္တဲ့သူတခ်ိဳ႕ကို ဆုမေပးတာနဲ႔ ပတ္သက္လို႔လည္း အကယ္ဒမီ စံခ်ိန္စံၫႊန္းဆိုတာနဲ႔ ပတ္သက္ၿပီး စဥ္းစားစရာျဖစ္ရပါတယ္။ အႏုပညာအရည္အေသြးအေပၚ အဓိကသုံးသပ္ အကဲျဖတ္တယ္ဆိုရင္ အရည္အေသြးအရ သိသာထင္ရွားတဲ့သူတခ်ိဳ႕ကို ဆုနဲ႔ပတ္သက္ၿပီး ခ်န္လွပ္ခဲ့တဲ့အေပၚ စိတ္မေကာင္းျဖစ္ရပါ တယ္” ဟု အႏုပညာရွင္တစ္ဦးက သုံးသပ္ခဲ့သည္။

‘မုန္းစြဲ’ ႐ုပ္ရွင္ဇာတ္ကားႏွင့္ ပတ္သက္၍ ပရိသတ္မ်ားက အကယ္ဒမီေမွ်ာ္မွန္း ေပးခဲ့ၾကေသာ္လည္း လြဲေခ်ာ္ခဲ့ရသည့္ သ႐ုပ္ေဆာင္ အကယ္ဒမီေနတိုးက ‘‘ကြၽန္ေတာ္တို႔ အႏုပညာရွင္ေတြအတြက္ကေတာ့ အကယ္ဒမီရဖို႔ဆိုတာအတြက္ ဖန္တီးၾကတာ မဟုတ္ပါဘူး။ အကယ္ဒမီဆိုတာ လြဲေခ်ာ္တတ္တဲ့ သေဘာတရားလည္း ရွိပါတယ္။ ဒါကိုလည္း ကြၽန္ေတာ့္ကိုခ်စ္တဲ့ ပရိသတ္ေတြကို အရင္ကတည္းကလည္း ကြၽန္ေတာ္ ေျပာခဲ့ဖူးပါတယ္။ ဆုရျခင္း မရျခင္းဆိုတာေတြက အရမ္းႀကီး အေရးမပါပါဘူး။ ဒါက အကယ္ဒမီ စိစစ္ အကဲျဖတ္အဖြဲ႕ဝင္ေတြရဲ႕သုံးသပ္အကဲျဖတ္မႈေပါ့။ အခု ဆုရသြားတဲ့ ေဇာ္မိုး (သူထူးစံ)ဆိုလည္း ကြၽန္ေတာ့္သူငယ္ခ်င္းပါ။ သူရတဲ့အတြက္လည္း ဝမ္းသာဂုဏ္ယူပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔အားလုံး အားထုတ္ႀကိဳးစားခဲ့တဲ့ မုန္းစြဲဇာတ္ကားထဲက ကိုႀကံ့တို႔၊ ကို ၾသရသ၊ ကိုဝင္းလြင္ထက္၊ ဦးေအးတို႔အတြက္ လည္းဝမ္းသာရသလို တျခားဆုရခဲ့တဲ့ အႏုပညာ ညီအစ္ကို ေမာင္ႏွမေတြအားလုံးအတြက္ ဝမ္းသာဂုဏ္ယူရပါတယ္။ ဆုရတယ္ မရဘူးဆိုတာထက္ ကြၽန္ေတာ္ကေတာ့ ကိုယ္လုပ္စရာရွိတဲ့ အႏုပညာအလုပ္ေတြကို အေကာင္းဆုံး အရည္အေသြးျဖစ္ေအာင္ ဆက္ၿပီးႀကိဳးစားေနမွာပါ’’ဟု ဆိုသည္။

သ႐ုပ္ေဆာင္ အကယ္ဒမီေက်ာ္ေက်ာ္ဗိုလ္ကလည္း ‘‘အကယ္ဒမီဆုရျခင္းအတြက္ ဝမ္းသာရသလို တကယ့္ကိုအႏုပညာအရည္အေသြးအရ အေကာင္းဆုံး ႀကိဳးစားခဲ့တဲ့ သူငယ္ခ်င္းေနတိုး ဆုနဲ႔ လြဲေခ်ာ္သြားလို႔လည္း စိတ္မေကာင္းျဖစ္ရပါတယ္။ ဆုရသြားတဲ့ကို ေဇာ္မိုးအတြက္လည္း ဝမ္းသာရပါတယ္။ အဲဒီလိုပဲေျပာခ်င္ပါတယ္’’ဟု ဆိုသည္။

႐ုပ္ရွင္ၾကည့္ပရိသတ္တစ္ဦးက ‘‘အကယ္ဒမီဆိုရင္ ႐ုပ္ရွင္ကိုခ်စ္တဲ့စိတ္နဲ႔အၿမဲ ေစာင့္ၾကည့္အားေပးေပမယ့္ ႏွစ္တိုင္းလည္း အၿမဲလြဲေခ်ာ္ေနေတာ့ ေတာ္ေတာ္ေလးကို စိတ္ပ်က္စရာေကာင္းပါတယ္။ အခုႏွစ္ ေပးသြားတဲ့ဆုေတြကေတာ့ ျပန္သုံးသပ္သင့္တယ္လို႔ထင္ပါတယ္။ ႐ုပ္ရွင္ေလာကရဲ႕အေ႐ြ႕တစ္ခုျဖစ္ေစတဲ့ ဇာတ္ကားေတြလို႔ေျပာရမယ့္ ဥပါယ္တံမ်ဥ္တို႔၊ မီတို႔ကေန ဆုတစ္ခုမွ မပါလာတာ၊ မုန္းစြဲမွာ အႁမႊာညီအစ္ကိုႏွစ္ ေယာက္ရဲ႕ မတူတဲ့ခံစားမႈကို ျမင္သာေအာင္ အပီျပင္ဆုံးလုပ္သြားတဲ့ ကိုေနတိုးကို ဆုမေပးတာ၊ ကိုယ့္ေယာက်္ားကို အရမ္းခ်စ္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ ခံစားမႈေတြကို မ်က္လုံးေတြမွာေပၚေအာင္ လုပ္ျပႏိုင္တဲ့ မေအးေသာင္း ဆုနဲ႔လြဲသြားတာေတြက ေတာ္ေတာ္ေလး စိတ္ပ်က္စရာေကာင္းပါတယ္’’ ဟု ေျပာၾကားသည္။

Via: Eleven Media


#Unicode Version

၂၀၁၈ ခုနှစ်အတွက် ပေးအပ်သည့် အကယ်ဒမီဆုစာရင်းများ အွန်လိုင်းပေါ်တွင် ကြိုတင်ပေါက်ကြားမှုအပေါ် ဝေဖန်မှုများထွက်ပေါ်ခဲ့ပြီး ဆုရရှိသင့်သူအချို့ ဆုနှင့် လွဲချော်ခဲ့သည့်အတွက် ပရိသတ်များကြားတွင် မကျေနပ်မှုများဖြစ်ပေါ်

၂၀၁၈ ခုနှစ်အတွက် ပေးအပ်သည့် အကယ်ဒမီဆုစာရင်းများ အွန်လိုင်းပေါ်တွင် ကြိုတင်ပေါက်ကြားမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ဆုရရှိသင့်သူအချို့ ဆု နှင့် လွဲချော်ခဲ့သည့်အတွက် ပရိသတ်များကြားတွင် မကျေနပ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်အတွက်ပေးအပ်သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ် ၂၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ The One Entertainment ၌ ကျင်းပခဲ့ပြီး ဆုပေးပွဲ ကျင်းပနေဆဲအချိန်မှာပင် အကယ်ဒမီ ထူးချွန်ဆုရရှိသူများစာရင်းမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီး ယင်းထွက်ပေါ်ခဲ့သည့် စာရင်းတွင်ပါဝင်သော စာရင်းအတိုင်း ဆုများပေးအပ်ခဲ့သဖြင့် ပရိသတ်များကြားတွင် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်ဇာတ်ကားများတွင် ပါဝင်ကာ ပရိသတ်အားပေးမှုများပြားသည့်ဇာတ်ကားအချို့မှ ဆုရရှိသင့်သူ အချို့မှာလည်း ဆုနှင့်လွဲ ချော်ခဲ့သည့်အတွက် ပရိသတ်များကြားတွင် မကျေနပ်မှုများ ပိုမိုပြင်းထန်စေခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကား ၈၃ ကားရှိခဲ့ပြီး ယင်းဇာတ်ကားများထဲမှ အကယ်ဒမီ ဆန်ခါတင်စာရင်းဝင် ဇာတ်ကားအဖြစ် ၂၅ ကား ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းဇာတ်ကားများတွင် ပရိသတ် စံချိန်တင်အားပေးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ၊ မြန်မာ့ရုပ်ရှင်လောက၏ အရွေ့တစ်ခုအဖြစ် ပရိသတ်များက ယူဆခဲ့သည့် ဇာတ်ကားများ ပါဝင်ခဲ့သော်လည်း အကယ်ဒမီထူးချွန်ဆုများ ပေးအပ်ရာတွင်မူ ယင်းကဲ့သို့ ပရိသတ် အားပေးမှုများပြားခဲ့သည့် ဇာတ်ကားအချို့ ဆုရရှိခြင်း မရှိခဲ့သည့်အတွက် ပရိသတ်များ၏ဝေဖန်မှု မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း ရက်သတ္တပတ်ကြာမြင့်စွာ ရုံတင်ပြသခဲ့ရပြီး နှစ်ကျော့ပြန် ပြသရသည်အထိ ပရိသတ်အားပေးမှု များပြားခဲ့သည့် ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကား၊ ဇာတ်ကောင်စရိုက် ပီပြင်မှုကို အသားပေး၍ ခေတ်ကာလ၏ပုံရိပ် များကို မှန်ကန်စွာပုံဖော်ထားခဲ့သည့် ‘မီ’ ရုပ်ရှင်ဇာတ်ကားများမှ အကယ်ဒမီဆုနှင့် လွဲချော်ခဲ့သည့်အပြင် မုန်းစွဲဇာတ်ကားတွင် ခက်ခဲသည့် အမူအရာများကို အပီပြင်ဆုံး ပုံဖော်ကာ အနုပညာအရည်အသွေးကို အကောင်းဆုံး ပုံဖော်ခဲ့သည့် အကယ်ဒမီနေတိုးမှာ ဆုနှင့်လွဲချော်ခဲ့ရသည်။ ယင်းသို့ပရိသတ်များ၏ မျှော်လင့်ချက်ကြီးစွာထားခဲ့သည့်ဆု အချို့လွဲချော်ခဲ့သည့်အပြင် ဆုစာရင်းမှာလည်း ကြိုတင်ပေါက်ကြားနေသည့်အတွက် ဝေဖန်မှုများ အရှိန်အဟုန်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အကယ်ဒမီထူးချွန်ဆု ရရှိခဲ့သည့် အနုပညာရှင်အချို့၏ ကျေးဇူးတင် စကားပြောကြားမှုအချို့ အပေါ်တွင်လည်း ဝေဖန်မှုများရှိခဲ့သည်။

“ဆုစာရင်းစာရွက် အတိအကျက ကြိုပေါက်တယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒါက အတွင်းစည်းကနေ ပေါက်ကြားတာလား၊ ဘယ်လိုဖြစ်တာလဲ။ အခုပေးခဲ့တဲ့ဆုတွေအပေါ်မှာရော ဘယ်လောက်ထိ စိတ်ချယုံကြည် ရမလဲဆိုတာမျိုးတွေအထိ ဖြစ်စေပါတယ်။ ဒီလိုဆုစာရင်းတွေ ကြိုပြီး ပေါက်ကြားတာမျိုးကတော့ အရမ်းကို ရှက်စရာလည်း ကောင်းသလို တော်တော်လေးကိုလွဲမှားတဲ့ အခြေအနေလို့ ပြောရပါမယ်။ ပြီးတော့ ဆုရသင့်တဲ့သူတချို့ကို ဆုမပေးတာနဲ့ ပတ်သက်လို့လည်း အကယ်ဒမီ စံချိန်စံညွှန်းဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားစရာဖြစ်ရပါတယ်။ အနုပညာအရည်အသွေးအပေါ် အဓိကသုံးသပ် အကဲဖြတ်တယ်ဆိုရင် အရည်အသွေးအရ သိသာထင်ရှားတဲ့သူတချို့ကို ဆုနဲ့ပတ်သက်ပြီး ချန်လှပ်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်ရပါ တယ်” ဟု အနုပညာရှင်တစ်ဦးက သုံးသပ်ခဲ့သည်။

‘မုန်းစွဲ’ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ပရိသတ်များက အကယ်ဒမီမျှော်မှန်း ပေးခဲ့ကြသော်လည်း လွဲချော်ခဲ့ရသည့် သရုပ်ဆောင် အကယ်ဒမီနေတိုးက ‘‘ကျွန်တော်တို့ အနုပညာရှင်တွေအတွက်ကတော့ အကယ်ဒမီရဖို့ဆိုတာအတွက် ဖန်တီးကြတာ မဟုတ်ပါဘူး။ အကယ်ဒမီဆိုတာ လွဲချော်တတ်တဲ့ သဘောတရားလည်း ရှိပါတယ်။ ဒါကိုလည်း ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်တွေကို အရင်ကတည်းကလည်း ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဆုရခြင်း မရခြင်းဆိုတာတွေက အရမ်းကြီး အရေးမပါပါဘူး။ ဒါက အကယ်ဒမီ စိစစ် အကဲဖြတ်အဖွဲ့ဝင်တွေရဲ့သုံးသပ်အကဲဖြတ်မှုပေါ့။ အခု ဆုရသွားတဲ့ ဇော်မိုး (သူထူးစံ)ဆိုလည်း ကျွန်တော့်သူငယ်ချင်းပါ။ သူရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူပါတယ်။ ပြီးတော့ ကျွန်တော်တို့အားလုံး အားထုတ်ကြိုးစားခဲ့တဲ့ မုန်းစွဲဇာတ်ကားထဲက ကိုကြံ့တို့၊ ကို သြရသ၊ ကိုဝင်းလွင်ထက်၊ ဦးအေးတို့အတွက် လည်းဝမ်းသာရသလို တခြားဆုရခဲ့တဲ့ အနုပညာ ညီအစ်ကို မောင်နှမတွေအားလုံးအတွက် ဝမ်းသာဂုဏ်ယူရပါတယ်။ ဆုရတယ် မရဘူးဆိုတာထက် ကျွန်တော်ကတော့ ကိုယ်လုပ်စရာရှိတဲ့ အနုပညာအလုပ်တွေကို အကောင်းဆုံး အရည်အသွေးဖြစ်အောင် ဆက်ပြီးကြိုးစားနေမှာပါ’’ဟု ဆိုသည်။

သရုပ်ဆောင် အကယ်ဒမီကျော်ကျော်ဗိုလ်ကလည်း ‘‘အကယ်ဒမီဆုရခြင်းအတွက် ဝမ်းသာရသလို တကယ့်ကိုအနုပညာအရည်အသွေးအရ အကောင်းဆုံး ကြိုးစားခဲ့တဲ့ သူငယ်ချင်းနေတိုး ဆုနဲ့ လွဲချော်သွားလို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဆုရသွားတဲ့ကို ဇော်မိုးအတွက်လည်း ဝမ်းသာရပါတယ်။ အဲဒီလိုပဲပြောချင်ပါတယ်’’ဟု ဆိုသည်။

ရုပ်ရှင်ကြည့်ပရိသတ်တစ်ဦးက ‘‘အကယ်ဒမီဆိုရင် ရုပ်ရှင်ကိုချစ်တဲ့စိတ်နဲ့အမြဲ စောင့်ကြည့်အားပေးပေမယ့် နှစ်တိုင်းလည်း အမြဲလွဲချော်နေတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းပါတယ်။ အခုနှစ် ပေးသွားတဲ့ဆုတွေကတော့ ပြန်သုံးသပ်သင့်တယ်လို့ထင်ပါတယ်။ ရုပ်ရှင်လောကရဲ့အရွေ့တစ်ခုဖြစ်စေတဲ့ ဇာတ်ကားတွေလို့ပြောရမယ့် ဥပါယ်တံမျဉ်တို့၊ မီတို့ကနေ ဆုတစ်ခုမှ မပါလာတာ၊ မုန်းစွဲမှာ အမြွှာညီအစ်ကိုနှစ် ယောက်ရဲ့ မတူတဲ့ခံစားမှုကို မြင်သာအောင် အပီပြင်ဆုံးလုပ်သွားတဲ့ ကိုနေတိုးကို ဆုမပေးတာ၊ ကိုယ့်ယောကျ်ားကို အရမ်းချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားမှုတွေကို မျက်လုံးတွေမှာပေါ်အောင် လုပ်ပြနိုင်တဲ့ မအေးသောင်း ဆုနဲ့လွဲသွားတာတွေက တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်’’ ဟု ပြောကြားသည်။