အသက္ ၁၁၄ ႏွစ္ အဘိုးအိုေျပာျပတဲ့ အသက္ရွည္ က်န္းမာေစတဲ့ အစားအစာ ၅ မ်ိဳး

Facebook

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ စစ္တမ္းေတြအရ ဒီေန႕ေခတ္မွာ လူသားေတြရဲ႕ သက္တမ္းဟာ ပ်မ္းမွ်အားျဖင့္ ၇၂ ႏွစ္ ဝန္းက်င္ခန႔္သာ ရွိတယ္လို႔ ဆိုပါတယ္။ အသက္ရွည္ က်န္းမာမႈအတြက္ လွ်ို႔ဝွက္ခ်က္ဆိုတာ တသီးတသန႔္ မရွိေပမယ့္ ပုံမွန္စားေနက် အစားအစာေတြထဲက တခ်ိဳ႕ကေတာ့ အသက္ရွည္ က်န္းမာမႈအတြက္ အေထာက္အကူ ျဖစ္ေစမွာပါ။

Facebook

အသက္ ၁၁၄ ႏွစ္ အ႐ြယ္အထိ အသက္ရွည္ရွည္ က်န္းမာေရးေကာင္းမြန္စြာနဲ႕ ေနထိုင္နိုင္တဲ့ Bernando LaPallo ဆိုတဲ့ အဘိုးအိုဟာ သူ႕ရဲ႕ေန႕စဥ္ စားေသာက္မႈပုံစံမွာ သဘာဝ အသီးအႏွံေတြကိုသာ အဓိက ပါဝင္ေအာင္စားသုံးၿပီး အခုေဖာ္ျပမယ့္ အစားအစာ ၅ မ်ိဳးကေတာ့ သူ႕ကို က်န္းမာေရး ေကာင္းမြန္ေစတဲ့ Special Food ေတြပဲ ျဖစ္ပါတယ္။

(၁) သစ္ႀကံပိုးေခါက္

©Depositphotos.com

ဟင္းလ်ာေတြ ခ်က္ျပဳတ္တဲ့အခါ အသုံးျပဳေလ့ရွိတဲ့ သစ္ႀကံပိုးေခါက္ ဟာဆိုရင္ ႏွလုံးေရာဂါ ၊ ကင္ဆာေရာဂါနဲ႕ ဘက္တီးရီးယားနဲ႕ ဗိုင္းရပ္စ္ေတြေၾကာင့္ ျဖစ္ေပၚတဲ့ ကူးစက္ေရာဂါေတြကိုပါ ကာကြယ္နိုင္စြမ္း ရွိတာေၾကာင့္ ေန႕စဥ္စားသုံးတဲ့ ဟင္းလ်ာေတြထဲမွာ သစ္ႀကံပိုးေခါက္ကို ပါဝင္ထည့္သြင္း စားသုံးေလ့ ရွိတယ္လို႔ ဆိုပါတယ္။

(၂) ၾကက္သြန္ျဖဴ

©Depositphotos.com

ၾကက္သြန္ျဖဴဟာ အသက္အ႐ြယ္ေၾကာင့္ မွတ္ဉာဏ္ ဆုံးရႈံးျခင္းအပါအဝင္ အယ္လ္ဇိုင္းမားေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါနဲ႕ ရာသီအလိုက္ ျဖစ္တတ္တဲ့ တုပ္ေကြးဖ်ားနာေတြကိုပါ ကာကြယ္နိုင္စြမ္းရွိၿပီး ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ေျပေပ်ာက္ေစနိုင္ပါတယ္။

(၃) ပ်ားရည္

©Depositphotos.com

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀၀၀ ေလာက္ကတည္းက ေဆးဝါးအျဖစ္ အသုံးျပဳခဲ့ၾကတဲ့ ပ်ားရည္ဟာ ဘက္တီးရီးယားေတြကို ေသေစနိုင္တဲ့ Antibacteria နဲ႕ Antioxidant ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ေရာဂါအမ်ိဳးမ်ိဳးကေန ကာကြယ္ေပးနိုင္စြမ္းရွိပါတယ္။

(၄) သံလြင္ဆီ

©Depositphotos.com

သံလြင္ဆီစစ္စစ္ဟာ က်န္းမာေရးအတြက္ လုံးဝ စိတ္ခ်ရတဲ့ ဆီတမ်ိဳးျဖစ္ၿပီး အဆင့္ ၂ အမ်ိဳးအစား ဆီးခ်ိဳေရာဂါနဲ႕ ကင္ဆာေရာဂါကို ကာကြယ္ေပးနိုင္ပါတယ္။

(၅) ေခ်ာကလက္

©Depositphotos.com

ေခ်ာကလက္စားသုံးျခင္းဟာ ခႏၶာကိုယ္တြင္းက ကိုလက္စထေရာ ပမာဏကို က်ဆင္းေစၿပီး စိတ္ဖိစီးမႈကို ေလ်ာ့ပါးသက္သာေစတာေၾကာင့္ အဆာေျပ သေရစာအျဖစ္ စားသုံးေလ့ရွိတယ္လို႔ ဆိုပါတယ္။

အသက္ ၁၁၄ ႏွစ္ အ႐ြယ္အထိ အသက္ရွည္က်န္းမာေနတဲ့ အဘိုးအို Bernando ဟာ သူ႕တသက္တာမွာ တခါမွ ႀကီးႀကီးမားမား ဖ်ားနာတာမ်ိဳး မျဖစ္ခဲ့ဘူးလို႔ ဆိုပါတယ္။ အသားေတြနဲ႕ အသင့္စား အစားအစာေတြကို လုံးဝ မစားသုံးဘဲ က်န္းမာေရးအတြက္ မနက္တိုင္းလမ္းေလွ်ာက္ ေလ့က်င့္ခန္းျပဳလုပ္ေလ့ ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Ref. brightside.me
Via: The Irrawaddy


#Unicode version

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စစ်တမ်းတွေအရ ဒီနေ့ခေတ်မှာ လူသားတွေရဲ့ သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၇၂ နှစ် ဝန်းကျင်ခန့်သာ ရှိတယ်လို့ ဆိုပါတယ်။ အသက်ရှည် ကျန်းမာမှုအတွက် လျှို့ဝှက်ချက်ဆိုတာ တသီးတသန့် မရှိပေမယ့် ပုံမှန်စားနေကျ အစားအစာတွေထဲက တချို့ကတော့ အသက်ရှည် ကျန်းမာမှုအတွက် အထောက်အကူ ဖြစ်စေမှာပါ။

အသက် ၁၁၄ နှစ် အရွယ်အထိ အသက်ရှည်ရှည် ကျန်းမာရေးကောင်းမွန်စွာနဲ့ နေထိုင်နိုင်တဲ့ Bernando LaPallo ဆိုတဲ့ အဘိုးအိုဟာ သူ့ရဲ့နေ့စဉ် စားသောက်မှုပုံစံမှာ သဘာဝ အသီးအနှံတွေကိုသာ အဓိက ပါဝင်အောင်စားသုံးပြီး အခုဖော်ပြမယ့် အစားအစာ ၅ မျိုးကတော့ သူ့ကို ကျန်းမာရေး ကောင်းမွန်စေတဲ့ Special Food တွေပဲ ဖြစ်ပါတယ်။

(၁) သစ်ကြံပိုးခေါက်

ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါ အသုံးပြုလေ့ရှိတဲ့ သစ်ကြံပိုးခေါက် ဟာဆိုရင် နှလုံးရောဂါ ၊ ကင်ဆာရောဂါနဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ပေါ်တဲ့ ကူးစက်ရောဂါတွေကိုပါ ကာကွယ်နိုင်စွမ်း ရှိတာကြောင့် နေ့စဉ်စားသုံးတဲ့ ဟင်းလျာတွေထဲမှာ သစ်ကြံပိုးခေါက်ကို ပါဝင်ထည့်သွင်း စားသုံးလေ့ ရှိတယ်လို့ ဆိုပါတယ်။

(၂) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အသက်အရွယ်ကြောင့် မှတ်ဉာဏ် ဆုံးရှုံးခြင်းအပါအဝင် အယ်လ်ဇိုင်းမားရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ရာသီအလိုက် ဖြစ်တတ်တဲ့ တုပ်ကွေးဖျားနာတွေကိုပါ ကာကွယ်နိုင်စွမ်းရှိပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေပျောက်စေနိုင်ပါတယ်။

(၃) ပျားရည်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြတဲ့ ပျားရည်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ Antibacteria နဲ့ Antioxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် ရောဂါအမျိုးမျိုးကနေ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

(၄) သံလွင်ဆီ

သံလွင်ဆီစစ်စစ်ဟာ ကျန်းမာရေးအတွက် လုံးဝ စိတ်ချရတဲ့ ဆီတမျိုးဖြစ်ပြီး အဆင့် ၂ အမျိုးအစား ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

(၅) ချောကလက်

ချောကလက်စားသုံးခြင်းဟာ ခန္ဓာကိုယ်တွင်းက ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေတာကြောင့် အဆာပြေ သရေစာအဖြစ် စားသုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

အသက် ၁၁၄ နှစ် အရွယ်အထိ အသက်ရှည်ကျန်းမာနေတဲ့ အဘိုးအို Bernando ဟာ သူ့တသက်တာမှာ တခါမှ ကြီးကြီးမားမား ဖျားနာတာမျိုး မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ အသားတွေနဲ့ အသင့်စား အစားအစာတွေကို လုံးဝ မစားသုံးဘဲ ကျန်းမာရေးအတွက် မနက်တိုင်းလမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်လေ့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref. brightside.me
Via: The Irrawaddy