ေဒၚလာ ၁.၃ သန္းတန္တဲ့ ကမာၻ႕ ေစ်းအႀကီးဆံုး ေရေမႊး

Shamukh perfume

အရည္အေသြးျမင့္ ေရေမႊးေတြကို ေစ်းႀကီးႀကီး ေပးဝယ္ရတာ မဆန္းပါဘူး။

ဒါေပမဲ့ Shamukhကေတာ့ ကမာၻေပၚမွာ တန္ဖိုးအႀကီးဆံုး ေရေမႊးလို႔ ညႊန္းဆိုႏုိင္ပါတယ္။

ဒီစကားလံုးဟာ အာရပ္ ေဝါဟာရျဖစ္ၿပီး အျမင့္ဆံုးအဆင့္နဲ႔ ထိုက္တန္ျခင္းလုိ႔ အဓိပၸါယ္ ရပါတယ္။

စုစုေပါင္း ၃ လီတာပဲရွိတဲ့ ေရေမႊး အရည္ကို ရရွိဖုိ႔ သံုးႏွစ္ အခ်ိန္ယူ ထုတ္လုပ္ခဲ့ရပါတယ္။ သုေတသန စမ္းသပ္မႈေတြ ၄၉၄ ႀကိမ္ ျပဳလုပ္ခဲ့ရပါတယ္။

Shamukh perfume

ဒီေရေမႊးကို အီတလီထုတ္ Murano ပံုေဆာင္ခဲ ပုလင္း အေကာင္းစားထဲ ထည့္ၿပီး ေဒၚလာ ၁.၃ သန္းနဲ႔ ေရာင္းခ်ထားၿပီး ျဖစ္ပါတယ္။

ပုလင္းေပၚမွာေတာ့ အာရပ္႐ိုးရာ ျမင္း႐ိုင္းေတြ၊ ႏွင္းဆီပြင့္ေတြ ထုဆစ္ထားၿပီး ေရႊသိန္းငွက္တစ္ေကာင္နဲ႔ ကမာၻလံုးပံုေတြ ထည့္သြင္း အလွဆင္ထားပါတယ္။

အဲဒီပုလင္းႀကီးမွာ စုစုေပါင္း ၃၈.၅၅ ကာရက္ အေလးခ်ိန္ရွိတဲ့ စိန္ပြင့္ ၃၅၇၁ ပြင့္ စီျခယ္ထားပါတယ္။

ပုလဲလံုးႀကီးေတြ၊ ၂.၅ ကီလိုဂရမ္ ေလးတဲ့ ၁၈ ကာရက္ ေရႊျပားေတြနဲ႔ ၅.၉ ကီလိုဂရမ္ ေလးတဲ့ ေငြသားသတၱဳေတြကိုလည္း ထည့္သြင္း တန္ဆာဆင္ထားျပန္ပါေသးတယ္။

Shamukh perfume

တန္ဖိုးႀကီး ေရေမႊး အမွတ္တံဆိပ္ Nabeelရဲ႕ လက္ေအာက္ခံ The Spirit of Dubaiက Shamukhေရေမႊးကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

ကမာၻအႏွံ႔က အေမႊးနံ႔သာ အမ်ိဳးအစား ေပါင္းစံုကို ယူေဆာင္လာၿပီး ဒီေရေမႊးအတြက္ ထည့္သြင္း ေပါင္းစပ္ထားေၾကာင္း ကုမၸဏီက ေၾကညာပါတယ္။

စႏၵာကူး အႏွစ္ေတြ၊ တူရကီ ႏွင္းဆီေတြ၊ အိႏၵိယ သစ္ေမႊးေတြ၊ တိဘက္က ကတိုးသမင္ေတြ အပါအဝင္ အေကာင္းဆံုး ကုန္ၾကမ္း ရင္းျမစ္ေတြကို ဒီေရေမႊး ေဖာ္စပ္ရာမွာ အသံုးျပဳထားပါတယ္။

ဒီေရေမႊးကို ဘယ္သူက မွာယူခဲ့သလဲ ဆိုတာကိုေတာ့ မေၾကညာေသးပါဘူး။ Shamukh ေရေမႊးပုလင္းကို မတ္လကုန္ထိ ဒူဘုိင္းမွာ ခမ္းခမ္းနားနား ျပသထားခဲ့ပါတယ္။

Via: 7daydaily


#Unicode Version

အရည်အသွေးမြင့် ရေမွှေးတွေကို ဈေးကြီးကြီး ပေးဝယ်ရတာ မဆန်းပါဘူး။

ဒါပေမဲ့ Shamukhကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ရေမွှေးလို့ ညွှန်းဆိုနိုင်ပါတယ်။

ဒီစကားလုံးဟာ အာရပ် ဝေါဟာရဖြစ်ပြီး အမြင့်ဆုံးအဆင့်နဲ့ ထိုက်တန်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။

စုစုပေါင်း ၃ လီတာပဲရှိတဲ့ ရေမွှေး အရည်ကို ရရှိဖို့ သုံးနှစ် အချိန်ယူ ထုတ်လုပ်ခဲ့ရပါတယ်။ သုတေသန စမ်းသပ်မှုတွေ ၄၉၄ ကြိမ် ပြုလုပ်ခဲ့ရပါတယ်။

ဒီရေမွှေးကို အီတလီထုတ် Murano ပုံဆောင်ခဲ ပုလင်း အကောင်းစားထဲ ထည့်ပြီး ဒေါ်လာ ၁.၃ သန်းနဲ့ ရောင်းချထားပြီး ဖြစ်ပါတယ်။

ပုလင်းပေါ်မှာတော့ အာရပ်ရိုးရာ မြင်းရိုင်းတွေ၊ နှင်းဆီပွင့်တွေ ထုဆစ်ထားပြီး ရွှေသိန်းငှက်တစ်ကောင်နဲ့ ကမ္ဘာလုံးပုံတွေ ထည့်သွင်း အလှဆင်ထားပါတယ်။

အဲဒီပုလင်းကြီးမှာ စုစုပေါင်း ၃၈.၅၅ ကာရက် အလေးချိန်ရှိတဲ့ စိန်ပွင့် ၃၅၇၁ ပွင့် စီခြယ်ထားပါတယ်။

ပုလဲလုံးကြီးတွေ၊ ၂.၅ ကီလိုဂရမ် လေးတဲ့ ၁၈ ကာရက် ရွှေပြားတွေနဲ့ ၅.၉ ကီလိုဂရမ် လေးတဲ့ ငွေသားသတ္တုတွေကိုလည်း ထည့်သွင်း တန်ဆာဆင်ထားပြန်ပါသေးတယ်။

တန်ဖိုးကြီး ရေမွှေး အမှတ်တံဆိပ် Nabeelရဲ့ လက်အောက်ခံ The Spirit of Dubaiက Shamukhရေမွှေးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာအနှံ့က အမွှေးနံ့သာ အမျိုးအစား ပေါင်းစုံကို ယူဆောင်လာပြီး ဒီရေမွှေးအတွက် ထည့်သွင်း ပေါင်းစပ်ထားကြောင်း ကုမ္ပဏီက ကြေညာပါတယ်။

စန္ဒာကူး အနှစ်တွေ၊ တူရကီ နှင်းဆီတွေ၊ အိန္ဒိယ သစ်မွှေးတွေ၊ တိဘက်က ကတိုးသမင်တွေ အပါအဝင် အကောင်းဆုံး ကုန်ကြမ်း ရင်းမြစ်တွေကို ဒီရေမွှေး ဖော်စပ်ရာမှာ အသုံးပြုထားပါတယ်။

ဒီရေမွှေးကို ဘယ်သူက မှာယူခဲ့သလဲ ဆိုတာကိုတော့ မကြေညာသေးပါဘူး။ Shamukh ရေမွှေးပုလင်းကို မတ်လကုန်ထိ ဒူဘိုင်းမှာ ခမ်းခမ်းနားနား ပြသထားခဲ့ပါတယ်။

Via: 7daydaily