၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲ ျမန္မာအသင္း ဂ်ပန္ႏွင့္တအုပ္စုထဲက်

Photo: MFF

၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲ ဒုတိယအဆင့္အတြင္ မဲႏႈိင္အုပ္စုခြဲပြဲကို မေလးရွားႏိုင္ငံ ကြာလာလမ္ပူျမိဳ႕ရွိ AFC ႐ုံးခ်ဳပ္တြင္ ဇူလိုင္ ၁၇ ရက္တြင္ က်င္းပျပဳလုပ္သည္။

ျမန္မာအသင္းသည္ ဖီဖာေဘာလံုးအဆင့္သတ္မွတ္မႈဇယားတြင္ ေနရာေကာင္းရရွိေနျခင္း၏ အက်ဳိးေက်းဇူးအျဖစ္ ပထမအဆင့္ ေျခစစစ္ပြဲမ်ားကို ကစားစရာမလိုအပ္ဘဲ ဒုတိယအဆင့္မွစတင္ ေျခစစ္ပြဲ၀င္ခြင့္ ရရွိခဲ့သည္။

Photo: MFF

ဖီဖာ၏ေဘာလံုးအဆင့္သတ္မွတ္ခ်က္အရ အဆင့္ ၁၃၈ တြင္ေနရာယူထားေသာ ျမန္မာအသင္းသည္ မဲပံုး (၄) တြင္ က်ေရာက္ျပီး မိမိတို႔ထက္ အဆင့္သတ္မွတ္ခ်က္ ျမင့္မားေသာ အသင္း ၄ သင္းႏွင့္ ယွဥ္ျပိဳင္ကစားရမည္ျဖစ္သည္။

ျမန္မာအသင္းသည္ အုပ္စု (F) တြင္ ဂ်ပန္၊ မြန္ဂိုလီးယား၊ တာဂ်စ္ကစၥတန္၊ ကာဂ်စ္တို႔ႏွင့္ အိမ္ကြင္းအေ၀းကြင္းစနစ္ျဖင့္ ယွဥ္ျပိဳင္ကစားရမည္ျဖစ္ျပီး ရမွတ္အမ်ားဆံုး ၂ သင္းသည္ တတိယအဆင့္ ေျခစစ္ပြဲသို႔ တက္ေရာက္ခြင့္ရရွိမည္ျဖစ္သည္။ ရမွတ္အမ်ားဆံုး ၂ သင္းတြင္ပါ၀င္ျခင္းမရွိပါက Asian Continental Cup တြင္ ပါ၀င္ယွဥ္ျပဳင္ရမည္ျဖစ္သည္။

Photo: FIFA TV

၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲ ဒုတိယအဆင့္ အုပ္စု (F) ပြဲစဥ္မ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္။

1. September 5, 2019 – Mongolia vs Myanmar

2. September 10, 2019 –Myanmar vs Japan

3. October 10, 2019 – Kyrgyz Republic vs Myanmar

4. November 14, 2019 – Myanmar vs Tajikistan

5. November 19, 2019 – Myanmar vs Mongolia

6. March 26, 2020 – Japan vs Myanmar

7. March 31, 2020 – Myanmar vs Kyrgyz Republic

8. June 9, 2020 – Tajikistan vs Myanmar

အဆိုပါ ေျခစစ္ ပဲြစဥ္မ်ားတြင္ ဖီဖာအဆင့္ သတ္မွတ္ခ်က္မ်ားအရ တုိက္ရုိက္ယွဥ္ျပဳိင္ခြင့္ရ ၃၄ သင္း၊ ပထမအဆင့္ ေျခစစ္ပဲြ ယွဥ္ျပဳိင္ျပီးမွ တက္ေရာက္လာသည့္ အသင္း(၆) သင္း စုစုေပါင္းအသင္း ၄၀ ယွဥ္ျပဳိင္ကစားမည္ျဖစ္သည္။

Photo: FIFA TV

ဒုတိယ အဆင့္ပဲြစဥ္မ်ားကုိ အသင္း(၅) သင္းပါ၀င္သည့္ အုပ္စု (၈) အုပ္စု ယွဥ္ျပဳိင္ကစား ေစမည္ျဖစ္ျပီး ထိပ္ဆုံး (၈) သင္းႏွင့္ အေကာင္းဆုံး ဒုတိယ (၄)သင္းမွာ ကမာၻ႕ဖလား တတိယအဆင့္ ေျခစစ္ပဲြသုိ႔ တက္ေရာက္ခြင့္ ရမည္ျဖစ္ၿပီး အာရွဖလား ေျခစစ္ပဲြေအာင္ျမင္မည္ျဖစ္သည္။

က်န္ ဒုတိယေနရာရ (၄) သင္း၊ တတိယေနရာရ(၈) သင္းႏွင့္ အေကာင္းဆုံး စတုတၳေနရာရ (၄)သင္းမွာ၂၀၂၃ အာရွဖလား တတိယ အဆင့္ ေျခစစ္ပဲြစဥ္သုိ႔ တက္ေရာက္ခြင့္ ရမည္ျဖစ္သည္။ က်န္ စတုတၳေနရာရ (၄)သင္းႏွင့္ အုပ္စုေအာက္ဆုံး (၈)သင္းမွာ ၂၀၂၃ အာရွဖလား Play – off ေျခစစ္ပဲြ ထပ္မံကစားရမည္ျဖစ္သည္။

၀ီရ
Source: MFF & News Watch


#Unicode Version

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အတွင် မဲနှိုင်အုပ်စုခွဲပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ AFC ရုံးချုပ်တွင် ဇူလိုင် ၁၇ ရက်တွင် ကျင်းပပြုလုပ်သည်။

မြန်မာအသင်းသည် ဖီဖာဘောလုံးအဆင့်သတ်မှတ်မှုဇယားတွင် နေရာကောင်းရရှိနေခြင်း၏ အကျိုးကျေးဇူးအဖြစ် ပထမအဆင့် ခြေစစစ်ပွဲများကို ကစားစရာမလိုအပ်ဘဲ ဒုတိယအဆင့်မှစတင် ခြေစစ်ပွဲဝင်ခွင့် ရရှိခဲ့သည်။

ဖီဖာ၏ဘောလုံးအဆင့်သတ်မှတ်ချက်အရ အဆင့် ၁၃၈ တွင်နေရာယူထားသော မြန်မာအသင်းသည် မဲပုံး (၄) တွင် ကျရောက်ပြီး မိမိတို့ထက် အဆင့်သတ်မှတ်ချက် မြင့်မားသော အသင်း ၄ သင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စု (F) တွင် ဂျပန်၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်၊ ကာဂျစ်တို့နှင့် အိမ်ကွင်းအဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရမှတ်အများဆုံး ၂ သင်းသည် တတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ရမှတ်အများဆုံး ၂ သင်းတွင်ပါဝင်ခြင်းမရှိပါက Asian Continental Cup တွင် ပါဝင်ယှဉ်ပြုင်ရမည်ဖြစ်သည်။

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု (F) ပွဲစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

1. September 5, 2019 – Mongolia vs Myanmar

2. September 10, 2019 –Myanmar vs Japan

3. October 10, 2019 – Kyrgyz Republic vs Myanmar

4. November 14, 2019 – Myanmar vs Tajikistan

5. November 19, 2019 – Myanmar vs Mongolia

6. March 26, 2020 – Japan vs Myanmar

7. March 31, 2020 – Myanmar vs Kyrgyz Republic

8. June 9, 2020 – Tajikistan vs Myanmar

အဆိုပါ ခြေစစ် ပွဲစဉ်များတွင် ဖီဖာအဆင့် သတ်မှတ်ချက်များအရ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရ ၃၄ သင်း၊ ပထမအဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ပြီးမှ တက်ရောက်လာသည့် အသင်း(၆) သင်း စုစုပေါင်းအသင်း ၄၀ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဒုတိယ အဆင့်ပွဲစဉ်များကို အသင်း(၅) သင်းပါဝင်သည့် အုပ်စု (၈) အုပ်စု ယှဉ်ပြိုင်ကစား စေမည်ဖြစ်ပြီး ထိပ်ဆုံး (၈) သင်းနှင့် အကောင်းဆုံး ဒုတိယ (၄)သင်းမှာ ကမ္ဘာ့ဖလား တတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ခွင့် ရမည်ဖြစ်ပြီး အာရှဖလား ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

ကျန် ဒုတိယနေရာရ (၄) သင်း၊ တတိယနေရာရ(၈) သင်းနှင့် အကောင်းဆုံး စတုတ္ထနေရာရ (၄)သင်းမှာ၂၀၂၃ အာရှဖလား တတိယ အဆင့် ခြေစစ်ပွဲစဉ်သို့ တက်ရောက်ခွင့် ရမည်ဖြစ်သည်။ ကျန် စတုတ္ထနေရာရ (၄)သင်းနှင့် အုပ်စုအောက်ဆုံး (၈)သင်းမှာ ၂၀၂၃ အာရှဖလား Play – off ခြေစစ်ပွဲ ထပ်မံကစားရမည်ဖြစ်သည်။

ဝီရ
Source: MFF & News Watch