ေဒါက္တာေအာင္ေဇာ္ က်ရံႈးရင္ BPI က်ရံႈးမယ္၊ BPI က်ရံႈးရင္ ေႁမြဆိပ္ေျဖေဆးေတြ ေစ်းႀကီးလာမယ္

ေဒါက္တာေအာင္ေဇာ္ က်ရံႈးရင္ BPI က်ရံႈးမယ္

ေဒါက္တာေအာင္ေဇာ္ကို MRTV ကအင္တာဗ်ဴးတစ္ခုမွာ ေႁမြဆိပ္ေျဖေဆးကို အေအးခဲေျခာက္အေနနဲ႔ ထုတ္လုပ္မယ္ဆိုတာ ေျဖၾကားရွင္းလင္းတုန္းက ျမင္ဖူးတယ္။ BPI စက္ရံုမႈးလို႔ သိမထားဘူး။

BPI က စက္မႈဝန္ႀကီးဌာနလက္ေအာက္က စက္ရံုကိုး။ ေႁမြဆိပ္ေဆးဝါးထုတ္ပညာရွင္ အေနနဲ႔ပဲ သိထားတာပါ။ သူ႔ရဲ႕ 2°- 8° ၾကားမွာ အေအးခံထားရတဲ့ ေႁမြဆိပ္ေျဖေဆးအရည္အစား အေအးခဲေျခာက္ ေႁမြဆိပ္ေျဖေဆး ထုတ္လုပ္မႈေၾကာင့္ အေအးမေပးႏိုင္လို႔ အာနိသင္ပ်က္ျပယ္တာမ်ိဳး မရွိေတာ့ဘဲ ေႁမြဆိပ္ေျဖေဆးထိုးၿပီးရင္ အသက္ရွင္ၾကတယ္။ ေဆးကိုလည္း လံုေလာက္ေအာင္ ထုတ္ေပးထားႏိုင္တယ္။ ေစ်းလည္း မႀကီးေတာ့ဘူး။

Photo: DVB

အဂတိေကာ္မရွင္က ဒီလို လူ႔အဖြဲ႕အစည္းအက်ိဳးျပဳ ပညာရွင္တစ္ေယာက္ကို ဖမ္းဆီးျခင္းရဲ႕ ေနာက္ကြယ္မွာ ဘယ္လိုအေၾကာင္းအရာေတြ ရွိႏိုင္မလဲ။ ျပႆနာက အဂတိက လက္ခံေျဖရွင္းရမယ့္ ကိစၥရပ္လည္း မဟုတ္ဘူး။

ဖဘေပၚမွာ ေရးၾကတာေတြကို ျခံဳၾကည့္ရင္ BPI ခုလိုလည္ပတ္ေနႏိုင္တာက ေဒါက္တာေအာင္ေဇာ္ရဲ႕ အားထုတ္မႈ အဓိကက်ေနတယ္။ သူ႔ကိုဖယ္ရွားခ်င္တဲ့သူရွိတာ ေသခ်ာေနတယ္။ ဘယ္သူဘယ္ဝါမွန္းမသိေပမယ့္ BPI ကို လက္ဝါးႀကီးအုပ္ၿပီး ေဆးထုတ္စားမယ့္ သူတစ္ေယာက္။ အတၱသမားတစ္ေယာက္။

ေဒါက္တာေအာင္ေဇာ္ က်ရံႈးရင္ BPI က်ရံႈးမယ္။ BPI က်ရံႈးရင္ ေႁမြဆိပ္ေျဖေဆးေတြ ေစ်းႀကီးလာမယ္။ အမႈစစ္တရားသူႀကီး ဆင္ျခင္တံုတရားကို ေစာင့္ၾကည့္ရမွာပဲ။

Source: Myo Min Htut


#Unicode Version

ဒေါက်တာအောင်ဇော်ကို MRTV ကအင်တာဗျူးတစ်ခုမှာ မြွေဆိပ်ဖြေဆေးကို အအေးခဲခြောက်အနေနဲ့ ထုတ်လုပ်မယ်ဆိုတာ ဖြေကြားရှင်းလင်းတုန်းက မြင်ဖူးတယ်။ BPI စက်ရုံမှုးလို့ သိမထားဘူး။

BPI က စက်မှုဝန်ကြီးဌာနလက်အောက်က စက်ရုံကိုး။ မြွေဆိပ်ဆေးဝါးထုတ်ပညာရှင် အနေနဲ့ပဲ သိထားတာပါ။ သူ့ရဲ့ 2°- 8° ကြားမှာ အအေးခံထားရတဲ့ မြွေဆိပ်ဖြေဆေးအရည်အစား အအေးခဲခြောက် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုကြောင့် အအေးမပေးနိုင်လို့ အာနိသင်ပျက်ပြယ်တာမျိုး မရှိတော့ဘဲ မြွေဆိပ်ဖြေဆေးထိုးပြီးရင် အသက်ရှင်ကြတယ်။ ဆေးကိုလည်း လုံလောက်အောင် ထုတ်ပေးထားနိုင်တယ်။ ဈေးလည်း မကြီးတော့ဘူး။

အဂတိကော်မရှင်က ဒီလို လူ့အဖွဲ့အစည်းအကျိုးပြု ပညာရှင်တစ်ယောက်ကို ဖမ်းဆီးခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနိုင်မလဲ။ ပြဿနာက အဂတိက လက်ခံဖြေရှင်းရမယ့် ကိစ္စရပ်လည်း မဟုတ်ဘူး။

ဖဘပေါ်မှာ ရေးကြတာတွေကို ခြုံကြည့်ရင် BPI ခုလိုလည်ပတ်နေနိုင်တာက ဒေါက်တာအောင်ဇော်ရဲ့ အားထုတ်မှု အဓိကကျနေတယ်။ သူ့ကိုဖယ်ရှားချင်တဲ့သူရှိတာ သေချာနေတယ်။ ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် BPI ကို လက်ဝါးကြီးအုပ်ပြီး ဆေးထုတ်စားမယ့် သူတစ်ယောက်။ အတ္တသမားတစ်ယောက်။

ဒေါက်တာအောင်ဇော် ကျရှုံးရင် BPI ကျရှုံးမယ်။ BPI ကျရှုံးရင် မြွေဆိပ်ဖြေဆေးတွေ ဈေးကြီးလာမယ်။ အမှုစစ်တရားသူကြီး ဆင်ခြင်တုံတရားကို စောင့်ကြည့်ရမှာပဲ။

Source: Myo Min Htut